တစ်ခု - ၂၇၀၀၀ ကျပ်
နှစ်ခု နှင့်အထက် - ၂၅၀၀၀ ကျပ်
၅ခု နှင့် အထက် - ၂၄၀၀၀ ကျပ်
၁၀ခု နှင့်အထက် - ၂၃၀၀၀ ကျပ်
အခုနောက်ပိုင်း ဖိုက်ဘာအင်တာနက် အသုံးပြုတဲ့တော်တော်များများ လိုင်းမကောင်းကြဘူးလို့ ပြောသံတွေများလာပါတယ်။
ဟုတ်ပါတယ် လိုင်းမကောင်းတာ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီ ကြောင့်မကောင်းတာဖြစ်နိုင်သလို သူတို့ရဲ့ တပ်ဆင်ပေးထားတဲ့ စက်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
အချို့ သော ISP တွေ တပ်ပေးတဲ့ ဖိုက်ဘာ မိုဒမ်း ရောက်တာဟာဆိုရင် တရုတ်ဖက်ကနေ စျေးအရမ်းပေါပေါနဲ့ သွင်းလာတာဖြစ်လို့ အလုပ်အများကြီးလုပ်ဖို့ အဆင်မပြေပါဘူး။
ပုံမှန်အားဖြင့် ဖိုက်ဘာမိုဒမ်းတစ်ခုက ဘာတွေအလုပ်လုပ်ရလဲဆိုရင်
၁။ ဖိုက်ဘာကနေ GPON Signal တွေကို ဖြည်ပီး Ethernet အနေနဲ့ ပြန်ပြောင်းပေးရပါတယ်။
၂။ Routing (လူအများကြီးအသုံးပြုနိုင်အောင် လိုင်းပြန်ခွဲပေးရပါတယ်)။
၃။ DHCP Server (ဒီနက်ဝပ်ကို Join လာတဲ့လူတွေကို IP အော်တို ချပေးနိုင်အောင်လုပ်ပေးရပါတယ်။)
၄။ Wireless (ကြိုးမဲ့ချိတ်ဆက်မှု)။
အဲတော့ ဒီအလုပ် လေးခု ကို ဒီဖိုက်ဘာ မိုဒမ်းတစ်ခုတည်းကနေ လုပ်ပေးရတဲ့အတွက်ကြောင့် အသုံးပြုတဲ့လူများလာတဲ့အခါမှာ စက်ကလည်းပူပြီး မနိုင်ဝန်ထမ်းရတာတွေ ဖြစ်လာပါတယ်။
အထူးသဖြင့် Wireless User များလာတဲ့အခါမှာ စက်က လုံးဝ မနိုင်ဝန်ကိုထမ်းရပါတယ်။
DHCP Server ကလည်း အထင်သေးလို့မရပါဘူး သူ့ Usage က တစ်ခါတစ်လေများပြီး Router မနိုင်ရင် IP မကျတာတွေ ဖြစ်တတ်ပါတယ်။
အဲတော့ ကိုယ့်ဖက်မှာလည်း လိုင်းက သုံးတာမကောင်းဘူး ISP ဖက်ကလည်း သူတို့ဖက်မှာအကုန်ကောင်းနေတယ်ဆိုရင် ဒီလိုလေးစမ်းကြည့်ပါ။
သူတို့ပေးတဲ့ Modem ကို Wireless ပိတ်ပြီး နက်ဝပ်ကြိုးနဲ့ တပ်သုံးကြည့်ပါ။
အဲလို သုံးလို့လိုင်းကောင်းတယ်ဆိုရင်တော့သေချာပါတယ် ဖိုက်ဘာ မိုဒမ်းက မနိုင်ဝန်ထမ်းနေရတာပါ။
ကျွန်တော်တို့ဆီမှာဆိုရင် သူတို့ဖက်ကပေးတဲ့မိုဒမ်းကို Fiber to Ethernet Converter အနေနဲ့ပဲသုံးပါတယ် ကျန်တာကို Bridge Mode နဲ့ သုံးပြီး Router တွေ Access Point တွေ အများကြီးခံသုံးတာပါ။
ဒါတောင်မှ GPON Module မစမ်းကြည့်ရသေးလို့ GPON Module စမ်းပြီးလို့ အဆင်ပြေရင် သူတို့ပေးတဲ့ Modem ကိုလုံးဝဖြုတ်ပစ်မှာပါ။
ခုနကဟာ ပြန်ဆက်ရရင် တစ်ကယ်လို့ ဝိုင်ဖိုင်ပိတ်ပီး ကြိုးနဲ့တပ်သုံးတာကောင်းတယ်ဆိုရင်တော့ သူ့မိုဒမ်းကို ဝိုင်ဖိုင်ပိတ်ပီး သပ်သပ် Wifi Router တွေ ထပ်တပ်ပြီးသုံးသင့်ပါတယ်။
နားလည်တတ်ကျွမ်းတဲ့သူရှိရင် Bridge Mode နဲ့ ထားပြီးအသုံးပြုရင် လိုင်းပိုကောင်းပါလိမ့်မယ်။
Wifi Router အနေနဲ့ တစ်ခုချင်းစီပဲသုံးသုံး အပေါ်ထပ်အောက်ထပ် ဒါမှမဟုတ် နေရာဝေးဝေး ဒါမှမဟုတ် လူအများကြီး သုံးဖို့အတွက် Mesh Wifi အနေနဲ့ နှစ်ခု သုံးခု ကနေ အများကြီး Join သုံးလို့ရတဲ့ Mercury M6 Mesh Wifi Router လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
2.4GHz နဲ့ 5GHz ၂ မျိုးလုံးအသုံးပြုနိုင်ပြီး ကြိုးနဲ့ ဖြစ်ဖြစ် ကြိုးမဲ့ဖြစ်ဖြစ် ခလုတ်ကလေးတစ်ချက်နှိပ်ရုံနဲ့ Mesh တွဲနိုင်တာ ဖြစ်လို့ အရမ်းကိုလွယ်ကူအဆင်ပြေပါတယ်။
(Mesh Wifi ဆိုတာက Wifi Repeater တွေ Range Extender တွေနဲ့ ပုံစံ ဆင်ပေမယ့် သူတို့ထက်အများကြီးကောင်းမွန်တဲ့နည်းပညာအသစ်ပါ။ Router အချင်းချင်း Wireless ပေါ်မှာ ချိတ်ဆက်ပြီး အိမ်တစ်အိမ်လုံးကို ဝိုင်ဖိုင် ဆစ်ဂနယ် လွမ်းခြုံအောင် လုပ်တာပါ။ )
Network Port 100M ၂ ပေါက်ပါဝင်ပြီး WAN/LAN auto detect ဖြစ်ပါတယ်။
Single Router အနေနဲ့ပဲသုံးသုံး Mesh လုပ်ပီး အများကြီးတွဲသုံးသုံး အဆင်ပြေလို့ စမ်းသုံးချင်တဲ့သူတွေအနေနဲ့ တစ်လုံးကနေ စပြီးစမ်းဝယ်ကြည့်လို့ရပါတယ်။
Wifi Timer Switch, WDS Wireless Bridge, Parental Contorls, Bandwidth Control, DMZ, UPnP, DDNS အစရှိတဲ့ Function တွေ ပါဝင်ပါတယ်။
စျေးအရမ်းသက်သာနေပေမယ့် Quality ပိုင်းကတော်တော်လေး ကောင်းမွန်ပြီးစိတ်ချရပါတယ်။ ဝိုင်ဖိုင်ကို Router ရဲ့ ပေ၃၀ ပတ်လည်အတွင်းကောင်းစွာအသုံးပြုနိုင်ပြီး Router Mesh ၂ ခု ချိတ်ဖို့အကွာအဝေးကတော့ ပေ ၄၀ အောက် မှာထားသင့်ပါတယ်။ Mesh လုပ်ဖို့ကလည်း ခလုတ်ကလေး နှိပ်လိုက်ရုံနဲ့ တွဲနိုင်တာဖြစ်လို့အရမ်းလွယ်ကူပါတယ်။
ကိုယ်တိုင်စမ်းထားတာတော့ အိမ်ပေါ်ထပ်နောက်ဆုံးနဲ့ အိမ်အောက်ထပ် ရှေ့ဆုံး ပေ ၄၀ အကွာကို Mesh ချိတ်ပြီးစမ်းသုံးတာ အဆင်ပြေပါတယ်။ ခု သူငယ်ချင်းတစ်ယောက်စမ်းနေတာလည်း ပေ၄၇၀ ကို သုံးလုံးထဲနဲ့ ရတယ်ပြောပါတယ်။ ကြားမှာက အတားအဆီးမရှိပေမယ့် Electrical Interference အကြီးအကျယ်ရှိနေပါတယ်။ အဲဒါတောင် အေးအေးဆေးဆေးသုံးလို့ရတယ်ပြောပါတယ်။
အားနည်းချက်ကတော့ Configuration က တရုတ်လိုတွေ ဖြစ်နေပါတယ်။ တရုတ်စာ Config က အရင်တုန်းကတော့အခက်အခဲတစ်ခုပါ။ အခုအချိန်မှာတော့ Google Translate Chrome Plugin သွင်းလိုက်တာနဲ့ အကုန် ဘာသာပြန်ပေးတာဖြစ်လို့ Configuration အတွက် စိတ်ပူစရာမရှိပါဘူး။
Network Ethernet Port က 100M ဖြစ်တဲ့အတွက် အင်တာနက်လိုင်း 100Mbps အထက် ယူထားတဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူး။
တစ်ချို့ Mesh တွေ နဲ့ မတူတာက Host သီးသန့်လာတာမျိုးမဟုတ်ပဲ Host အနေနဲ့သုံးမလား Point အနေနဲ့သုံးမလား ကြိုက်သလိုရွေးချယ်လို့ရပါတယ်။
၂လုံး သို့မဟုတ် ၂ လုံးအထက် Meshing သုံးထားရင် ကိုယ်ဝိုင်ဖိုင်သုံးတဲ့အခါမှာ လိုင်းအကောင်းဆုံးကို ရွေးပြီးချိတ်သွားမှာဖြစ်ပါတယ်။ အိမ်ထဲလျှောက်သွားနေရင်လည်း တစ်လုံးနဲ့မမိရင် နောက်တစ်လုံးကိုအလိုအလျောက်ချိတ်သွားမှာဖြစ်ပြီး ပြောင်းသွားတာတောင် သိလိုက်ရမှာမဟုတ်ပါဘူး။
အခြားသိလိုသည်များကို မက်ဆင်ဂျာကဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ်မေးမြန်းလို့ရပါတယ်။
ဝယ်ယူအသုံးပြုလိုပါက အောက်ပါလိပ်စာသို့ လာရောက်၍ ဖြစ်စေ ဖုန်းဆက်၍ ဖြစ်စေ မှာယူနိုင်ပါတယ်။
MEB Online
အမှတ် ၂၇၃ (က)၊ မိဂသီလမ်း၊ ၁၂ ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
၀၉၄၅၀၀၅၇၆၈၁၊ ၀၉၂၅၈၆၀၀၀၇၂
အင်္ဂါနေ့တိုင်း ဆိုင်ပိတ်ပါသည်။
.
လမ်းညွှန် - Google Map တွင် MEB Online လို့ ရှာလို့ရပါတယ်။
ဘတ်စကားဂိတ် ၁၄ ၁၅ လမ်းဆုံနဲ့ နီးပါတယ်။
မိဂသီလမ်းကို သုမင်္ဂလာ လမ်းမကြီးကနေ ဝင်ရမှာ ဖြစ်ပြီး ရတနာလမ်းနဲ့ မေတ္တာလမ်း ကြားတွင် တည်ရှိပါတယ်။
နှစ်ထပ်တိုက် အစိမ်းရောင်လေး ဖြစ်ပါတယ်။
Location - https://g.page/mebonline