လုံးဝမပြောဘူး
==============
Facebook ပေါ်မှာ Page အတုတွေထောင်ပြီး ဘဏ်နဲ့ Wallet သုံးစွဲသူတွေကို လိမ်ညာလုပ်စားနေကြတာ အခုတလောမှာ ပို စိပ်စိပ်လေး ကြားနေရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ အလိမ်မခံရဖို့ အရေးကြီးဆုံးက
အပြင်မထွက်နိုင်တဲ့ ဒစ်ဂျစ်တယ် ခေတ်ထဲမှာ မမြင်ရတဲ့ တဘက်က လူကို Messenger ပေါ်မှာ … Online ပေါ်မှာ … Viber ပေါ်မှာ …ဖုန်းခေါ်တဲ့အခါ … ဘယ်လိုပဲ ဆက်သွယ် ဆက်သွယ်လာတဲ့ အခါ…
လုံးဝမပြောဘူး (၁)
-----------------
ဘယ်သူ့ကို မှ ကတ် နံပါတ် အစအဆုံး (၁၆ လုံး) လုံးဝ မပြောဘူး။
ဘဏ်ကတာဝန်ရှိသူတွေက ကတ် နံပါတ်ကို တောင်းတဲ့ အခါ နောက်ဆုံး ၄ လုံးသာ တောင်းပါတယ်။ တခါတရံမှာ ရှေ့ဆုံး ၆ လုံး နောက်ဆုံး ၄ လုံးဆိုပြီး တောင်းလေ့ရှိပါတယ်။ နံပါတ်အစ အဆုံး ဘယ်တော့ မှ မတောင်းပါ။
နံပါတ်မပြောဘူးဆိုမှတော့ ကတ်ရဲ့ အရှေ့ အနောက်ကို ဓါတ်ပုံရိုက်ပြီးတော့လဲ မပို့ပေးနဲ့ ပေါ့။
လုံးဝမပြောဘူး(၂)
------------------
ဘယ်သူ့ကို မှ OTP လုံးဝ မပြောဘူး။
OTP လို့ ခေါ်တဲ့ One Time Password တစ်ခါသုံး လှို့ဝှက်ကုတ်ကို ဘယ်သူကိုမှ မပေးပါနဲ့။ ဘဏ်ဝန်ထမ်းက စလို့ ရဲ၊ အာဏာပိုင် လို့ ပြောဆိုလာသူတွေပါ အပါအဝင် ဘယ်သူကိုမှ မပေးပါနဲ့။
***
ကိုယ့် ငွေမဆုံးအောင် ဘယ်လို လုပ်ရမလဲ ဆိုရင် …. လုံးဝမပြောဘူး....
***
နောက်ပို့စ်တွေမှာ အဲဲဒီ Facebook Page အတုတွေ ကို ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတာတို့၊ လူတွေလို မလိမ်တတ် မညာတတ်တဲ့ ATM စက်တွေ အကြောင်းရယ်၊ Call Center ကို ရုတ်တရက် ခေါ်မရရင် ဘာလုပ်ကြမလဲရယ် ဆက်ရေးပါ့မယ်။
#လုံးဝမပေြာဘူး
#FightFinancialCrimeTogether
ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိအောင် Copy & Paste လုပ်ပြီး ရှယ်ပေးကြပါလို့ ပန်ကြားပါရစေ...
Credit ပေးရန်မလိုပါ...