
မြန်မာနိုင်ငံအတွင်းမှ ဘဏ်များသို့ အချိန်မရွေး တစ်ချက်နှိပ်ရုံနဲ့ အခုလွှဲ၊ အခုရောက်
------------------------------------------------------------------
မြန်မာနိုင်ငံအတွင်းမှ အခြားဘဏ်များသို့ မြန်မာ့ရှေ့ဆောင်ဘဏ် မှတစ်ဆင့် အချိန်မရွေး အလွယ်တကူ တစ်ချက်နှိပ်ရုံနဲ့ အခုလွှဲ၊ အခုရောက် ငွေလွှဲနိုင်မယ့် Interbank Transfer ဝန်ဆောင်မှု နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က မိတ်ဆက်ပေးလိုက်ပါပြီ။
အောက်ဖော်ပြပါ ဘဏ်များသို့ MAB iBanking မှ Interbank Transfer ဝန်ဆောင်မှု ဖြင့် ၂၄ နာရီ၊ ၇ ရက်လုံး ပိတ်ရက်မရှိ အချိန်မရွေးငွေလွှဲနိုင်မယ့်အပြင် အချိန်တစ်ရက် စောင့်ဆိုင်းစရာမလိုပဲ လွှဲလိုက်တာနဲ့ ချက်ချင်းရောက်ရှိအောင် ဆောင်ရွက်ပေးသွားမှာပါ။
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ Interbank Transfer ဝန်ဆောင်မှုဖြင့် ငွေလွှဲနိုင်မည့် ဘဏ်များ
***
1. KBZ Bank (ကမ္ဘောဇဘဏ်)
2. UAB bank Limited (ယူနိုက်တက် အမရာ ဘဏ်)
3. YOMA Bank Ltd (ရိုးမ ဘဏ်)
4. MYANMA TOURISM BANK LIMITED (မြန်မာ့ ခရီးသွားဘဏ်)
5. Myawaddy Bank Ltd (မြဝတီဘဏ်)
6. Rural Development Bank Ltd (ကျေးလက်ဖွံ့ဖြိုးရေးဘဏ်)
7. SHWE Rural and Urban Development Bank Ltd (ရွှေဘဏ်)
8. Tun Commercial Bank Limited (ထွန်းကော်မာရှယ်ဘဏ်)
9. A Bank (Ayeyarwaddy Farmers Development Bank)
10. Innwa Bank Limited (မြန်မာ့ အင်းဝ ဘဏ်)
==
လောလောဆယ် KBZ ဘဏ်ကို စမ်းလွှဲကြည့်တာတော့ ၁၀၀၀၀ လွှဲလိုက်တာ လွှဲခ ၅၀၀ နှစ်ခါ ဖြတ်သွားပါတယ်။
KBZ အကောင့်အဝင်မှာ CBM INCOMMING TRANSACTION-II-3-3_Fund transfer between on-line Fis_STP လို့ ပေါ်ပါတယ်။
ငွေကတော့ချက်ချင်းဝင်လာပါတယ်။
MAB iBanking ရဲ့ Domestic Fund Transfer က အချက်အလက်အရ တစ်နေ့ကို အများဆုံး အကြောင်းရေ ၅၀ နဲ့ ပမာဏ သိန်း ၅၀၀
တစ်ခါလွှဲရင် ၁၀၀၀ ကျပ်မှ ၁၀ သိန်းအထိ လွှဲနိုင်တယ်လို့ သိရပါတယ်။
==
လွှဲတဲ့နေရာမှာ ဘဏ်ခွဲရွေးပေးရတာလေးကတော့ သိပ်အဆင်မချောပါဘူး
ဖုန်းနံပါတ်ကလည်း သူ့ Format မှန်အောင်ရိုက်ရပါတယ်။
ဥပမာ +95-9123456789 အဲလိုရိုက်ပေးရပါတယ်။