Yangon Stock Exchange (YSX) တွင် တတိယမြောက် စာရင်းဝင်သည့် မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank Ltd.(MCB) ၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ဘဏ္ဍာရေးရှင်းတမ်းများအရ
ရှယ်ယာတစ်စုလျှင် ၅၆၆ ကျပ် အရှုံးပေါ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank Ltd.(MCB) သည် ၂၀၁၉ ခုနှစ်တွင် ရှယ်ယာရှင်များကို ၃၂၉ ကျပ် အမြတ်ခွဲဝေပေးခဲ့သည်။
ယခု ၂၀၂၀ ခုနှစ်တွင်မူ သီန့်ကြွေးဆုံးလျာထားငွေ သန်း ၆၅၀၀ ကျော် နှင့် ချေးငွေဆုံးရှုံးမှု အထွေထွေလျာထားငွေ ၁၄၆ သိန်းကျော်တို့ကြောင့် အသားတင်အရှုံး သန်း ၅၈၀၀ ကျော် ရှိနေပြီး ရှယ်ယာတစ်စုလျှင် ၅၆၆ ကျပ်နှုန်းရှုံးကြောင်း ဘဏ္ဍရေးရှင်းတမ်းတွင်ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်အတွက် ဘဏ္ဍရေးရှင်းတမ်း အသေးစိတ်ကို https://ysx-mm.com/wp-content/upload...3_20201216.pdf တွင်လည်း ဒေါင်းလုပ်လုပ်၍ ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank Ltd.(MCB) သည် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းသို့စတင်ဝင်ရောက် ရောင်းဝယ်ခဲ့ပြီး ရှယ်ယာတစ်စုလျှင် ၇၈၀၀ ကျပ်နှုန်းဖြင့် စတင်အရောင်းအဝယ်ဖြစ်ခဲ့သည်။
ယခုလက်ရှိတွင် ၈၂၀၀ မှ ၈၄၀၀ ကြားတွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော်လည်း အရောင်းအဝယ်ဖြစ်သည့်အရေအတွက် ပမာဏမှာ နည်းပါးလျှက်ရှိသည်။
မူလရှယ်ယာတန်ဖိုးမှာ တစ်စောင် ၅၀၀၀ ကျပ်ဖြစ်ပါသည်။
#Planet Myanmar